ကျနော့်ကို သူငယ်ချင်းတစ်ယောက်က
'မင်းဘလော့က ဆော့ဖ်ဝဲခရေစီ ဆိုပြီး ဆော့ဖ်ဝဲနဲ့ပတ်သက်တာလည်း
ဘယ်လောက်မှ မရှိဘူး' လို့ မေးလ်ပို့လာပါတယ်။
ဟုတ်ပါတယ်ခင်ဗျာ...အစကတော့ ဆော့ဖ်ဝဲလေးတွေကို ကလိရတာ၊
စမ်းသပ်ရတာ ဝါသနာပါသူမို့ ကျနော့်လိုဝါသနာတူ သူငယ်ချင်းတွေကို
ရည်ရွယ်ပြီး ဆော့ဖ်ဝဲနဲ့ပတ်သက်တာ၊နည်းပညာနဲ့ပတ်သက်တာတွေ ဒီ
ဘလော့ကနေ မျှဝေပေးသွားမယ် စိတ်ကူးနဲ့ ထူထောင်ခဲ့တာပါ....
တကယ်တမ်း ဘလော့တစ်ခုထူထောင်ပြီးတော့ သိလိုက်ရတာက
တစ်ခြား ဓာတ်ပုံ၊ဗွီဒီယို၊ကဗျာ.....တွေသာတင်တဲ့စိုက်တွေထက်
နည်းပညာစိုက်တစ်ခု ထူထောင်ရတာ အရမ်းခက်ခဲတယ်ဆိုတာပါပဲ။
ဘာလို့လဲဆိုတော့...ကိုယ်က ဆော့ဖ်ဝဲတစ်ခုပေးချင်တယ်၊
ဆော့ဖ်ဝဲကို upload တင်ပေးလိုက်ရုံနဲ့ မပြီးနိုင်သေးပါဘူး။
ကိုယ်တင်တဲ့ ဆော့ဖ်ဝဲရဲ့ အသုံးဝင်ပုံတွေကို ရှင်းပြပေးနိုင်မှ အသုံးတဲ့၊မတဲ့
စဉ်းစားပြီး ကူးယူမယ့်သူက ကူးယူချင်မှာပေါ့။
ဒီတော့... ကျနော့်လို ပညာရှာအဆင့်ပဲ ရှိသေးသူအတွက်
ဘလော့ ခေါင်းစီးအတိုင်း ထင်သလောက် မပေးဆပ်နိုင်သေးတာကို
ခွင့်လွှတ်နားလည်ပြီး ကျနော့်ဘလော့လေးကို ဆက်လက်အားပေးပါဦးလို့။။။
ဒီနေ့က စပြီး သူငယ်ချင်းတွေအတွက် နည်းပညာနဲ့ပတ်သက်တာတွေ၊
ဆော့ဖ်ဝဲနဲ့ပတ်သက်တာတွေကို မပြတ်တင်ပေးနိုင်အောင် ကြိုးစားသွားပါ့မယ်...
ဘလော့လာ သူငယ်ချင်းများအားလုံးကို ကျေးဇူးတင်ပါတယ်.....
2 comments:
ကျေးဇူးတင်ပါတယ် အခုရှင်းပြတာ ဒါပေမဲ့ လိုအပ်တာတွေရှိရင်ကူညီပါအုံး
ဆော့ ဝဲနဲ့ ပတ်သက်တာတွေ
လာရောက်လည်ပတ်တဲ့အတွက် ကျေးဇူးပါ။
လိုအပ်တာရှိခဲ့ရင် ပြောပါ။
ကျနော်သိတာဆို တစ်ခါတည်းရှင်းပြပါ့မယ်။။
မသိတာဆိုရင်လည်း အွန်လိုင်းပေါ်က ဆရာ့ဆရာများဆီကနေတဆင့်
လေ့လာပြီး ပြန်လည်ဖောက်သည်ချပြပါ့မယ်...
Post a Comment