ဒီနေ့တော့ ဘလော့လာ သူငယ်ချင်းများအတွက်
usb memory stick တွေ ကွန်ပျူတာမှာ ထိုးတဲ့အခါ
detect မမိဘဲ Tast-Bar မှာ "USB Drive Not Recognized" လို့
error message ပေါ်လာတာကို ဘယ်လိုဖြေရှင်းရမလဲဆိုတာ
ရေးပေးသွားပါ့မယ်....
အောက်ကလမ်းကြောင်းလေးအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ...
၁။ကွန်ပျူတာကို ပိတ်ပြီး power supply ကြိုးကိုဖြုတ်လိုက်ပါ၊
(မားသားဘုတ် မှာ power ဝင်မနေအောင် AC မီးပလပ်ကို ဖြုတ်လိုက်ပြီး
တစ်မိနစ်လောက်ကြာတဲ့အထိ ကွန်ပျူတာကို ပိတ်ထားပေးပါ)
-ပြီးရင် ကွန်ပျူတာကို ပြန်ဖွင့်ပြီး
system မှာ (printer, network service...)
တွေ ပြီးဆုံးအောင်အထိ တပ်ဆင်ပြီးမှ memory stick ကိုစက်မှာပြန်ထိုးပါ။
၂။ နောက်ထပ် တစ်နည်းကတော့
-Run Box မှာ devmgmt.msc ကိုရိုက်ထဲ့လိုက်ပါ၊
-Device Manager ပေါ်လာရင် My Computer မှာ ကလစ်နှိပ်ပါ၊
(stick ကို စက်မှာတပ်ဆင်ပြီးသား ဖြစ်ရပါမယ်)
-Action Menu အောက်က "Scan for Hardware Changes" command ကိုနှိပ်လိုက်ပါ။
ဒီအခါမှာ ကွန်ပျူတာက USB stick ကို မြင်နိုင်ပါပြီ။
No comments:
Post a Comment