ဟိုလိုလို .. ဒီလိုလိုနဲ့ စပြီး
ဒီလိုလို ... ဟိုလိုလိုနဲ့
ပြီးဆုံးသွားမယ့် ဘဝ
သဘာဝမကြဘူးတဲ့.......
ဖေဖေပြောဘူးတဲ့စကား
သားရင်ထဲမှာ မှတ်ထားတယ်..........။။
ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။
ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး.......... .။။
ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............ ။။
ထမင်း ဘယ်ကရ
အိုးထဲက...
ပိုက်ဆံ ဘယ်ကရ
မေမေ့ဆီကလို့ ပြောခဲ့စဉ်...
ဖေဖေဖြေခဲ့ပြီး
ဘဝဆိုတာ ပုံသေနည်း မရှိဘူးတဲ့...........။။
ကောင်းကင်နဲ့ မြေကြီးကြား
လူအများ ကြားဘူးကြဦးမည်...
အရာရာ ဟူသမျှ..
လက်ဦးဆရာမှ စေတနာမှန်သည်တဲ့............။။
ကိုယ့်ဝမ်းစာ ကိုယ်ရှာစား
ဘဝဟာ ဒါလားလို့....
အနေဝေးမှ သိရချိန်
ဖေဖေပြောခဲ့တဲ့စကား
အားအင်များအဖြစ် ဖန်တီးပေး
သားဘဝ သုည(၀)လေးမဖြစ်စေရဘူး..........
ဖေဖေရေ......
ဝေးတစ်မြေ ရပ်ခြား
နာကျင်စရာများနဲ့ ကြုံလာတိုင်း
ဖေဖေရဲ့ စကား
ဒဏ်ကြေဆေး အလားမှီဝဲရင်း.....
ဘဝဟာ ပုံသေမရှိခြင်း ဆိုတာ သိလိုက်ပြီ............
ညီညီ(မြန်အောင်)
ဒီနေရာ လေးမှာတင်ထားတာကို
ကြိုက်နှစ်သက်မိလို့ ကျနော့်ဘလော့မှာပြန်တင်လိုက်တာပါ။။။။
No comments:
Post a Comment