ကွန်ပျုတာနဲ့အိုင်တီနည်းပညာကို စိတ်ဝင်စားသော ကျနော်လိုဝါသနာတူသူငယ်ချင်းများအတွက်အွန်လိုင်းပေါ်က ဆရာ့ဆရာကြီးများရဲ့ဝက်ဘ်စိုက်များမှ ကျနော်စုစောင်းခဲ့သမျှ ဆော့ဖ်ဝဲများ၊အိုင်တီနည်းပညာများအား ပြန်လည်မျှဝေပေးချင်းနဲ့ ကျနော်စိတ်ကူးပေါက်ရာများကိုချရေးထားသော ဘလော့မှတ်စုတစ်ခုသာ ဖြစ်ပါသည်။ လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်...ညီညီ။
 
"ဆော့ဖ်ဝဲခရေစီ" ကို.. 31th.8.2011..မှာစတင်ပုံဖော်ခဲ့ပါတယ်...

11 November 2012

အာရှတိုက်၏ ပထမဦးဆုံး ကမ္ဘာကို ဆိုင်ကယ်နှင့်ပတ်သူ မြန်မာအမျိုးသမီး ကမ္ဘာလှည့် တင်တင်စိန်နှင့်တွေ့ဆုံခြင်း

(၆)ကြိမ်မြောက် ကမ္ဘာပတ်မည့် အစီအစဉ်ရှိမယ်ဆိုတာဟာ ဘယ်တော့လောက်ဖြစ်မလဲ၊ ဘယ်နိုင်ငံ၊ ဘယ်ဒေသတွေပါ မလဲ၊အဲဒီရည်ရွယ်ချက်အသေး စိတ်လေးတွေကို ဖြေကြားပေး ပါခင်ဗျာ?
အဓိကရည်ရွယ်ချက်ကတော့ လူသားကောင်းစားရေး၊ လူမျိုး မရွေး၊ ဘာသာမရွေး ကိုယ်တတ် နိုင်တဲ့ပညာလေးကို ဖြန့်ပေးပြီး နိုင်ငံတကာကို ပြောပြဖို့၊ သွန် သင်ဖို့ အဓိက  ထားပါတယ်
။နောက်တစ်ခုက လူတွေက ကိုယ့် စိတ်ကို ကိုယ်မနိုင်ဘဲ နေတဲ့ အတွက်   ကိုယ်ဝါသနာပါရင်
ကိုယ့်ဘက်ကို စေတနာထားရင် ပြောပြမယ်၊ သွန်သင်မယ်၊ ဆုံးမ မယ်၊  သူတို့ကို  စိတ်ကိုနိုင်တဲ့ နည်းလေးကို   သင်ပေးမယ်လို့ ရည်ရွယ်ပါတယ်။  ဒါရည်ရွယ် ချက်ပါ။သွားမယ်ဆိုတာကတော့ အချိန်အခါရယ်လို့မဟုတ်ပါဘူး။ အချိန်လည်းပေးမယ်။ ငွေလည်း ရှိမယ်။  အားလည်း  အားမယ် ဆိုရင်သွားဖို့  အဆင်ပြေပါတယ်။ ဖိတ်ထားတာကတော့  နိုင်ငံတွေ အများကြီး  ဖိတ်ထားပါတယ်။ အထူးသဖြင့် ဖိတ်တာက တောင် အမေရိကတိုက်က   ဘရာဇီးလ်၊ အာဂျင်တီးနားတို့က ဖိတ်ထား ပါတယ်။ ဖိတ်ပေမဲ့ ကိုယ်က ရုတ် တရက်ကြီး မသွားအားသေးလို့ ဒီမှာလည်း လုပ်စရာကိစ္စလေး တွေရှိလို့လုပ်နေတာပါ။စာအုပ် တွေလည်းထုတ်စရာအများကြီး ရှိပါတယ်။အခုလည်း ကမ္ဘာလှည့် တင်တင်စိန်ပြောပြစမ်းချင်စာအုပ် ကလည်းဒီတလောမှထုတ်တာပါ။

ဘယ်ကာလလောက် မှန်းထား လဲ မသိဘူးခင်ဗျာ။
၂၀၁၃ လောက်တော့ မှန်းပါ တယ်။၂၀၁၃ထဲမှာတစ်ချိန်မဟုတ် တစ်ချိန်တော့ သွားဖြစ်မယ်လို့ မှန်းထားပါတယ်။

အခြားအရှေ့မှာသွားခဲ့တဲ့ ခရီး စဉ်ငါးခုနဲ့ အခုသွားမယ့် ခရီး စဉ်ခြောက်က  တူပါသလား။ ဘယ်တွေကို  သွားတာပါလဲ ခင်ဗျာ။
အသစ်တွေပါ ငယ်ငယ်တုန်း က ၁၈နှစ်သမီးတုန်းက  ဒုတိယ ကမ္ဘာစစ်ကစွန့်ပစ်ထားတဲ့ ဆိုင် ကယ်တစ်စီးနဲ့ကမ္ဘာပတ်ခဲ့တာပါ။ မြန်မာ့သမိုင်းရဲ့ပထမဦဆုံးကမ္ဘာ ပတ်တယ်။ အာရှရဲ့ ပထမဆုံး ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တယ်။ အိန္ဒိယနိုင်ငံမှာလည်း အာရှတိုက် ရဲ့ပထမဆုံးကမ္ဘာပတ်သူလို့ မှတ် တမ်းတင်ပြီးတော့သမ္မတက ဆု ပေးသွားတယ်။ အာရှတိုက်ရဲ့ ပထမဆုံးက ကမ္ဘာလှည့်ခရီး သည်အဖြစ် အသိအမှတ်ပြုပါ တယ်။ အဲဒီတုန်းက တစ်နှစ်ကြာ တယ်။ နိုင်ငံပေါင်း  ၃၀ ရောက် တယ်။ ဘုရင်တွေနဲ့လည်း အခါ အားလျော်စွာတွေ့တယ်။ဝန်ကြီး ချုပ်တွေနဲ့   လည်းတွေ့တယ်။ ဆင်းရဲတဲ့သူရော၊ စာရေးဆရာ ရောတွေ့တယ်။အင်္ဂလန်ရောက် တဲ့အခါကျတော့   မြန်မာသံ အမတ်ကြီးက ပထမဦးဆုံး ဘာ ပြောလဲဆိုတော့  ရှုပ်လိုက်တာ၊ ဘယ်နေရာ သေနေပြီလဲလို့ မေး နေတာ။ ခင်ဗျာတို့ မော်တော် ဆိုင်ကယ်တစ်စီးနဲ့ကမ္ဘာပတ်တာ အရေးမကြီးဘူး။ကျုပ်တို့ အလုပ် ရှုပ်တယ်။  ရှုပ်လိုက်တာဆိုပြီး အပြစ်တင်တယ်။ဘယ်လောက် ပါလဲဆိုတော့  ၅ ပေါင်ပါတယ်။ ၅ပေါင်ဆိုတာ ၅ကျပ်နဲ့တူတယ်။  ၅ကျပ်နဲ့ အသက်ရှင်လို့ ရတယ် လို့  အန်တီလည်း  ပြောတယ်။ ကိုယ့်ပိုက်ဆံနဲ့  ကိုယ်လာတာ ဘယ်သူ့ကိုမှ   ဂရုမစိုက်ဘူးလို့ အန်တီကလည်း  သံအမတ်ကြီး ကို ပြန်ပြောတယ်။ အဲဒီတော့ အနားမှာရှိတဲ့အာရပ်သူက စီးပွား ရေး ကိုယ်စားလှယ်ပါ။   သူက သနားပြီးတော့အိမ်မှာနေရာတွေ အများကြီးရှိတယ်။ အိမ်မှာလိုက် တည်းလိမ့်မယ်။  အိမ်မှာထား မယ်ဆိုပြီး ခေါ်သွားတယ်။ အဲဒီ အချိန်မှာ  သတင်းစာတိုက်က ရောက်လာတယ်   သတင်းစာ ကနေတစ်ဆင့် BBC မှာ ဒီည အထူးတွေဘယ်သူရောက်တယ် ဆိုတဲ့ အစီအစဉ်မှာပါသွားတယ်။ အဲဒါကနေ မမျှော်လင့်ဘဲ ပေါင် တွေ အများကြီးရတယ်။ ပေါင် ၄၀၀၊၅၀၀လောက်ရလိုက်တယ်။ ကမ္ဘာပတ်လာတဲ့သူ မော်တော် ဆိုင်ကယ်နဲ့   ခရီးကြမ်းထွက် တယ်။  သူတို့နိုင်ငံက တစ်ခါမှ မသွားသေးဘူး။ အဲဒီလိုသဘော နဲ့ ပိုက်ဆံတွေ အများကြီး ပေး လိုက်တယ်။အဲဒီပိုက်ဆံနဲ့အသက် ဆက်ရှင်နိုင်တာပါ။  အသက်ရှင် ခွင့်ရသွားတယ်။   အဲဒီတုန်းက မြန်မာပြည်ရဲ့ပိုက်ဆံကလေ တစ် ဒေါ်လာကို ၆ကျပ်ခွဲပေးရတယ်။ ၁ပေါင်ကို  ၁၃ကျပ်ခွဲပေးရမယ်။ ဘာမှောင်ခိုဈေးမှ   မရှိပါဘူး။မော်တော်ဆိုင်ကယ်စီးတဲ့အခါတစ်  ဂါလန်ကို ၁၀ပြားပဲ  ပေးရတယ်။ ဓာတ်ဆီတစ်ဂါလန်ကို မြန်မာငွေ နဲ့တွက်ရင် ၁၀ ပြားပဲ   ပေးရပါ တယ်။  အဲဒါနဲ့ ခရီးသွားခဲ့တာ တစ်နှစ်ကြာတယ်။  အင်မတန် လည်း    စိတ်ညစ်စရာလည်း ကောင်းတဲ့ခရီးတွေပါ။  တစ်ခါ တစ်လေကြတော့လည်း ကိုယ် မရောက်ဘူးတဲ့ သဲကန္တာရထဲမှာ သွားနေရတယ်။ တစ်ခါတစ်လေ တော့ဆီးနှင်းတွေထဲသွားရတယ်။ အီရတ်မှာဆိုရင်  လူရိုင်းတွေရှိ တယ်။ သူတို့က ခြေသလုံးအိမ် တိုင်ပဲနေတယ်။သူတို့က ဘာရယ် လို့မသိဘူး။ ကိုယ့်စကားမတတ် ဘူး။ ကိုယ်ကလည်း  သူ့စကား မတတ်ပါဘူး။    အဲဒီအချိန်မှာ လက်တွေရော၊ ခြေတွေရော ကြိုး တုပ်ပြီး မီးဖုတ်စားဖို့ အဆင်သင့် လုပ်ထားတယ်။  မီးပါမွှေးထား တယ်။ကံကောင်းလို့ ကားတစ်စီး ရောက်လာပြီး  တွေ့တဲ့အခါကျ တော့   မေးတယ်။  ကျွန်မကို ဘာဖြစ်တာလဲလို့၊ ကျွန်မလည်း ဘာဖြစ်မှန်မသိဘူးလို့ ပြန်ပြော တယ်။ ကံကောင်းတော့  သူက အင်္ဂလိပ်လိုတတ်တယ်။   သူက အဲဒီလူတွေကို ဟောက်ပြီး ပြော လိုက်တယ်။အဲဒီအီရတ်က လူရိုင်း တွေက ကျွန်မကို  သူတို့စကား မတတ်လို့  လူရိုင်းဆိုပြီး မီးဖုတ် စားမလို့  လုပ်ထားတာလို့ အဲဒီ လူကို ပြန်ပြောတယ်။ အဲဒီလူက သူတို့ကို ဆူဆဲပြီး သွားခိုင်းတယ်။ ပြီးတော့မှ  အန်တီကို ခြေတွေ၊ လက်တွေ ကြိုးဖြည်ပေးပြီး ဆိုင် ကယ်ပေါ်တက်ပြီး  မောင်းခိုင်း တာ။သူကနောက်က နေ၅ကီလိုမီ တာလောက်အထိ လိုက်ပြီးကူညီ ပေးတယ်။ အဲဒီလိုမျိုး ကူညီပေး လို့ အသက်ရှင်ရတာ။

အရင်ခရီးစဉ်တွေ  သွားခဲ့တဲ့ ခုနှစ်လေးတွေ မှတ်မိရင်ပြော ပြပေးပါ?
မှတ်မိပါတယ်။    မှတ်မိပါ တယ်။ ပထမက ၁၉၅၅-၅၆ (၁) နှစ်ကြာတယ်။  နိုင်ငံပေါင်း ၃၀ ရောက်တယ်။     ၁၉၉၅ ခုနှစ် ကတည်းကစပြီး မဆလအစိုးရ လက်ထက်မှာ နိုင်ငံခြားသားတွေ နဲ့ မဆက်ဆံရဘူး။ မပတ်သက်ရ ဘူး။  အကုန်ပိတ်ထားတယ်။ အဲဒီအချိန်မှာနိုင်ငံခြားကလာတဲ့  သမဂ္ဂအဖွဲ့တို့  WHO     တို့က ရံဖန်ရံခါတရားထိုင်ချင်တယ်ဆို တော့  တရားပြခဲ့တယ်။ ကိုယ့် နိုင်ငံအတွင်းမှာပဲ လုပ်ခဲ့တယ်ဗျ။ ၁၉၉၅ခုနှစ်နောက်ပိုင်းမှာ မြန်မာ ပြည်မှာလာပြီးတော့ကမ္ဘာ့ဘဏ် အဖွဲ့ကနေသွားတဲ့သူတွေကစပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယတွေကို  သူတို့ စရိတ်နဲ့သွားခဲ့ရတယ်။   အဲဒါ နောက်ပြီးမှာ အင်္ဂလန်၊ အမေရိ ကကို ရောက်တယ်။ အမေရိက  ကို ခြောက်ခေါက်၊ ဂျပန် ကိုး ခေါက်၊ အင်္ဂလန်ကတော့ ၁၅ ခေါက်လောက်ရှိပါတယ်။ဥရောပ တိုက်ကလည်း ၁၄၊ ၁၅ ခေါက် လောက်ရှိပါတယ်။ဥရောပနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံ များစွာရောက်ခဲ့ပါတယ်။ ကိုယ့် ကိုယ်ကိုလည်း ဘယ်အချိန်သွား ပြီး    ဘယ်အချိန်ဆုံးမယ်လို့ မသတ်မှတ်ပါဘူး။  ရောက်တဲ့ အချိန်မှာ သွားလိုက်တယ်။ ပြီး ရင် ပြန်လာလိုက်တယ်။ ဘာရယ် မဟုတ်ဘူးပေါ့။ ပြီးတော့  သူတို့ နိုင်ငံရောက်တဲ့အခါ  သူတို့နဲ့ တရားဆွေးနွေးတဲ့အခါ တစ်ပတ်၊ ၁၀ရက်လောက်ကြာတယ်။သူတို့ က ပိုက်ဆံတွေစုပြီး ပေးတယ်။ ပေးတဲ့အခါမှာ  ကိုယ်ရခဲ့တဲ့ တရားဟာ အခမဲ့ရခဲ့တယ်။  "I don't want your money"   နင်တို့ဆီက ပိုက်ဆံလိုလို့လာတာ မဟုတ်ဘူး။ မေတ္တာစေတနာနဲ့ လာတာ။ အဲဒီဟာကို အလွဲသုံး စားမလုပ်ပါရစေနဲ့။ အတန်တန်  ပြောတယ်။  တောင်းပန်တယ်။ မရဘူး။  ပြီးရင် ယူလိုက်တယ်။ ယူပြီးရင်  သူတို့ကို တစ်ခုခုပြန် လှူလိုက်တယ်။ မယူခဲ့ဘူး။ အဲဒီ အချိန်မှာ  ထောက်လှမ်းရေးက နောက်ကနေ    တကောက် ကောက်လိုက်တယ်။ ဒီမိန်းမကြီး ဘာလုပ်နေတာလဲ။ နိုင်ငံရေးရှုပ် နေတာလား။    အဲဒီတုန်းက တကယ်လည်း  နိုင်ငံရေးရှုပ်တဲ့ အနေအထားမှာရှိတယ်။ ဟိုမှာ ဒီနိုင်ငံက  နိုင်ငံရေးသမားတစ် ယောက်နဲ့တွေ့တယ်။   ကိုယ် ကတော့ ခပ်တည်တည်ပဲ။ သူက စိတ်အကြောင်းမေးရင်   စိတ် အကြောင်းပြောတယ်။ ဒါပေမဲ့ သူ့ကိုတော့ အန်တီက  I don't like it     ဘာလို့လဲဆိုတော့ လူတွေ ကို ညာစားနေတာလို့ထင်တယ်။ တကယ်လုပ်တဲ့သူဟာ မင်းကိုနိုင် တို့ကလုပ်တာ။   တိုင်းပြည်ကို တကယ်ချစ်တာ။  မာမာအေးတို့ လည်း တိုင်းပြည်ကို တကယ်ချစ် တယ်။ တကယ်လုပ်တယ်။ သူက  အခြားနိုင်ငံမှာနေတယ်။ ကိုယ် ပိုင်လေယာဉ်ပျံနဲ့ စတိုင်နဲ့ နေ တယ်။   သဘောပေါက်တယ် မဟုတ်လား။   ပြီးတော့ ဂျပန် ရောက်တဲ့အချိန်မှာ   ဂျပန်က ကောင်မလေးတွေက   အဲဒီလို သူ့ကို တိုက်ရိုက်ပို့နေတာ။ မြန်မာ ပြည်ဒီမိုကရေစီရရင်ပြီးရောဆိုပြီး တော့ပါ။ အဲဒီကောင်မလေးရဲ့ အဖေနဲ့အမေက  အသတ်ခံရ တယ်။  မောင်နှမတွေ ရူးကုန် တယ်။အဲဒီကောင်မလေးက ဂျပန် မှာ အလုပ်လုပ်တယ်။ သူရတဲ့ ပိုက်ဆံကို ဒီမြန်မာပြည်က အမျိုး တွေဆီမပို့ဘဲ    အဲဒီနိုင်ငံရေး သမားဆီကို  ပို့နေတယ်။  ဒီမိုက ရေစီရရင်ပြီးရောဆိုပြီးတော့ပါ။   အဲဒီဟာကို  သိရတော့   ရင်ထဲ တော်တော်မကောင်းဘူး။နောက် ပိုင်း ငါနဲ့မဆိုင်ဘူးဆိုပြီး  မနည်း ဖြေရတယ်။ စိတ်ထဲက ထုတ်ပစ် ရတယ်။ နိုင်ငံရေးလုပ်တယ်ဆို တာလည်း သားရယ် ခံယူချက်ရှိမှ လုပ်လို့ရတာ။
ဖန့်ပေးပြီး နိုင်ငံတကာကို ပြောပြဖို့၊ သွန် သင်ဖို့ အဓိက ထားပါတယ် ။နောက်တစ်ခုက လူတွေက ကိုယ့် စိတ်ကို ကိုယ်မနိုင်ဘဲ နေတဲ့ အတွက် ကိုယ်ဝါသနာပါရင် ကိုယ့်ဘက်ကို စေတနာထားရင် ပြောပြမယ်၊ သွန်သင်မယ်၊ ဆုံးမ မယ်၊ သူတို့ကို စိတ်ကိုနိုင်တဲ့ နည်းလေးကို သင်ပေးမယ်လို့ ရည်ရွယ်ပါတယ်။ ဒါရည်ရွယ် ချက်ပါ။သွားမယ်ဆိုတာကတော့ အချိန်အခါရယ်လို့မဟုတ်ပါဘူး။ အချိန်လည်းပေးမယ်။ ငွေလည်း ရှိမယ်။ အားလည်း အားမယ် ဆိုရင်သွားဖို့ အဆင်ပြေပါတယ်။ ဖိတ်ထားတာကတော့ နိုင်ငံတွေ အများကြီး ဖိတ်ထားပါတယ်။ အထူးသဖြင့် ဖိတ်တာက တောင် အမေရိကတိုက်က ဘရာဇီးလ်၊ အာဂျင်တီးနားတို့က ဖိတ်ထား ပါတယ်။ ဖိတ်ပေမဲ့ ကိုယ်က ရုတ် တရက်ကြီး မသွားအားသေးလို့ ဒီမှာလည်း လုပ်စရာကိစ္စလေး တွေရှိလို့လုပ်နေတာပါ။စာအုပ် တွေလည်းထုတ်စရာအများကြီး ရှိပါတယ်။အခုလည်း ကမ္ဘာလှည့် တင်တင်စိန်ပြောပြစမ်းချင်စာအုပ် ကလည်းဒီတလောမှထုတ်တာပါ။ ဘယ်ကာလလောက် မှန်းထား လဲ မသိဘူးခင်ဗျာ။ ၂၀၁၃ လောက်တော့ မှန်းပါ တယ်။၂၀၁၃ထဲမှာတစ်ချိန်မဟုတ် တစ်ချိန်တော့ သွားဖြစ်မယ်လို့ မှန်းထားပါတယ်။ အခြားအရှေ့မှာသွားခဲ့တဲ့ ခရီး စဉ်ငါးခုနဲ့ အခုသွားမယ့် ခရီး စဉ်ခြောက်က တူပါသလား။ ဘယ်တွေကို သွားတာပါလဲ ခင်ဗျာ။ အသစ်တွေပါ ငယ်ငယ်တုန်း က ၁၈နှစ်သမီးတုန်းက ဒုတိယ ကမ္ဘာစစ်ကစွန့်ပစ်ထားတဲ့ ဆိုင် ကယ်တစ်စီးနဲ့ကမ္ဘာပတ်ခဲ့တာပါ။ မြန်မာ့သမိုင်းရဲ့ပထမဦဆုံးကမ္ဘာ ပတ်တယ်။ အာရှရဲ့ ပထမဆုံး ဆိုင်ကယ်နဲ့ ကမ္ဘာပတ်တယ်။ အိန္ဒိယနိုင်ငံမှာလည်း အာရှတိုက် ရဲ့ပထမဆုံးကမ္ဘာပတ်သူလို့ မှတ် တမ်းတင်ပြီးတော့သမ္မတက ဆု ပေးသွားတယ်။ အာရှတိုက်ရဲ့ ပထမဆုံးက ကမ္ဘာလှည့်ခရီး သည်အဖြစ် အသိအမှတ်ပြုပါ တယ်။ အဲဒီတုန်းက တစ်နှစ်ကြာ တယ်။ နိုင်ငံပေါင်း ၃၀ ရောက် တယ်။ ဘုရင်တွေနဲ့လည်း အခါ အားလျော်စွာတွေ့တယ်။ဝန်ကြီး ချုပ်တွေနဲ့ လည်းတွေ့တယ်။ ဆင်းရဲတဲ့သူရော၊ စာရေးဆရာ ရောတွေ့တယ်။အင်္ဂလန်ရောက် တဲ့အခါကျတော့ မြန်မာသံ အမတ်ကြီးက ပထမဦးဆုံး ဘာ ပြောလဲဆိုတော့ ရှုပ်လိုက်တာ၊ ဘယ်နေရာ သေနေပြီလဲလို့ မေး နေတာ။ ခင်ဗျာတို့ မော်တော် ဆိုင်ကယ်တစ်စီးနဲ့ကမ္ဘာပတ်တာ အရေးမကြီးဘူး။ကျုပ်တို့ အလုပ် ရှုပ်တယ်။ ရှုပ်လိုက်တာဆိုပြီး အပြစ်တင်တယ်။ဘယ်လောက် ပါလဲဆိုတော့ ၅ ပေါင်ပါတယ်။ ၅ပေါင်ဆိုတာ ၅ကျပ်နဲ့တူတယ်။ ၅ကျပ်နဲ့ အသက်ရှင်လို့ ရတယ် လို့ အန်တီလည်း ပြောတယ်။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လာတာ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလို့ အန်တီကလည်း သံအမတ်ကြီး ကို ပြန်ပြောတယ်။ အဲဒီတော့ အနားမှာရှိတဲ့အာရပ်သူက စီးပွား ရေး ကိုယ်စားလှယ်ပါ။ သူက သနားပြီးတော့အိမ်မှာနေရာတွေ အများကြီးရှိတယ်။ အိမ်မှာလိုက် တည်းလိမ့်မယ်။ အိမ်မှာထား မယ်ဆိုပြီး ခေါ်သွားတယ်။ အဲဒီ အချိန်မှာ သတင်းစာတိုက်က ရောက်လာတယ် သတင်းစာ ကနေတစ်ဆင့် BBC မှာ ဒီည အထူးတွေဘယ်သူရောက်တယ် ဆိုတဲ့ အစီအစဉ်မှာပါသွားတယ်။ အဲဒါကနေ မမျှော်လင့်ဘဲ ပေါင် တွေ အများကြီးရတယ်။ ပေါင် ၄၀၀၊၅၀၀လောက်ရလိုက်တယ်။ ကမ္ဘာပတ်လာတဲ့သူ မော်တော် ဆိုင်ကယ်နဲ့ ခရီးကြမ်းထွက် တယ်။ သူတို့နိုင်ငံက တစ်ခါမှ မသွားသေးဘူး။ အဲဒီလိုသဘော နဲ့ ပိုက်ဆံတွေ အများကြီး ပေး လိုက်တယ်။အဲဒီပိုက်ဆံနဲ့အသက် ဆက်ရှင်နိုင်တာပါ။ အသက်ရှင် ခွင့်ရသွားတယ်။ အဲဒီတုန်းက မြန်မာပြည်ရဲ့ပိုက်ဆံကလေ တစ် ဒေါ်လာကို ၆ကျပ်ခွဲပေးရတယ်။ ၁ပေါင်ကို ၁၃ကျပ်ခွဲပေးရမယ်။ ဘာမှောင်ခိုဈေးမှ မရှိပါဘူး။မော်တော်ဆိုင်ကယ်စီးတဲ့အခါတစ် ဂါလန်ကို ၁၀ပြားပဲ ပေးရတယ်။ ဓာတ်ဆီတစ်ဂါလန်ကို မြန်မာငွေ နဲ့တွက်ရင် ၁၀ ပြားပဲ ပေးရပါ တယ်။ အဲဒါနဲ့ ခရီးသွားခဲ့တာ တစ်နှစ်ကြာတယ်။ အင်မတန် လည်း စိတ်ညစ်စရာလည်း ကောင်းတဲ့ခရီးတွေပါ။ တစ်ခါ တစ်လေကြတော့လည်း ကိုယ် မရောက်ဘူးတဲ့ သဲကန္တာရထဲမှာ သွားနေရတယ်။ တစ်ခါတစ်လေ တော့ဆီးနှင်းတွေထဲသွားရတယ်။ အီရတ်မှာဆိုရင် လူရိုင်းတွေရှိ တယ်။ သူတို့က ခြေသလုံးအိမ် တိုင်ပဲနေတယ်။သူတို့က ဘာရယ် လို့မသိဘူး။ ကိုယ့်စကားမတတ် ဘူး။ ကိုယ်ကလည်း သူ့စကား မတတ်ပါဘူး။ အဲဒီအချိန်မှာ လက်တွေရော၊ ခြေတွေရော ကြိုး တုပ်ပြီး မီးဖုတ်စားဖို့ အဆင်သင့် လုပ်ထားတယ်။ မီးပါမွှေးထား တယ်။ကံကောင်းလို့ ကားတစ်စီး ရောက်လာပြီး တွေ့တဲ့အခါကျ တော့ မေးတယ်။ ကျွန်မကို ဘာဖြစ်တာလဲလို့၊ ကျွန်မလည်း ဘာဖြစ်မှန်မသိဘူးလို့ ပြန်ပြော တယ်။ ကံကောင်းတော့ သူက အင်္ဂလိပ်လိုတတ်တယ်။ သူက အဲဒီလူတွေကို ဟောက်ပြီး ပြော လိုက်တယ်။အဲဒီအီရတ်က လူရိုင်း တွေက ကျွန်မကို သူတို့စကား မတတ်လို့ လူရိုင်းဆိုပြီး မီးဖုတ် စားမလို့ လုပ်ထားတာလို့ အဲဒီ လူကို ပြန်ပြောတယ်။ အဲဒီလူက သူတို့ကို ဆူဆဲပြီး သွားခိုင်းတယ်။ ပြီးတော့မှ အန်တီကို ခြေတွေ၊ လက်တွေ ကြိုးဖြည်ပေးပြီး ဆိုင် ကယ်ပေါ်တက်ပြီး မောင်းခိုင်း တာ။သူကနောက်က နေ၅ကီလိုမီ တာလောက်အထိ လိုက်ပြီးကူညီ ပေးတယ်။ အဲဒီလိုမျိုး ကူညီပေး လို့ အသက်ရှင်ရတာ။ အရင်ခရီးစဉ်တွေ သွားခဲ့တဲ့ ခုနှစ်လေးတွေ မှတ်မိရင်ပြော ပြပေးပါ? မှတ်မိပါတယ်။ မှတ်မိပါ တယ်။ ပထမက ၁၉၅၅-၅၆ (၁) နှစ်ကြာတယ်။ နိုင်ငံပေါင်း ၃၀ ရောက်တယ်။ ၁၉၉၅ ခုနှစ် ကတည်းကစပြီး မဆလအစိုးရ လက်ထက်မှာ နိုင်ငံခြားသားတွေ နဲ့ မဆက်ဆံရဘူး။ မပတ်သက်ရ ဘူး။ အကုန်ပိတ်ထားတယ်။ အဲဒီအချိန်မှာနိုင်ငံခြားကလာတဲ့ သမဂ္ဂအဖွဲ့တို့ WHO တို့က ရံဖန်ရံခါတရားထိုင်ချင်တယ်ဆို တော့ တရားပြခဲ့တယ်။ ကိုယ့် နိုင်ငံအတွင်းမှာပဲ လုပ်ခဲ့တယ်ဗျ။ ၁၉၉၅ခုနှစ်နောက်ပိုင်းမှာ မြန်မာ ပြည်မှာလာပြီးတော့ကမ္ဘာ့ဘဏ် အဖွဲ့ကနေသွားတဲ့သူတွေကစပြီး စင်ကာပူ၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကိုရီးယား၊ အိန္ဒိယတွေကို သူတို့ စရိတ်နဲ့သွားခဲ့ရတယ်။ အဲဒါ နောက်ပြီးမှာ အင်္ဂလန်၊ အမေရိ ကကို ရောက်တယ်။ အမေရိက ကို ခြောက်ခေါက်၊ ဂျပန် ကိုး ခေါက်၊ အင်္ဂလန်ကတော့ ၁၅ ခေါက်လောက်ရှိပါတယ်။ဥရောပ တိုက်ကလည်း ၁၄၊ ၁၅ ခေါက် လောက်ရှိပါတယ်။ဥရောပနိုင်ငံ တစ်နိုင်ငံတည်းမဟုတ်ဘဲ နိုင်ငံ များစွာရောက်ခဲ့ပါတယ်။ ကိုယ့် ကိုယ်ကိုလည်း ဘယ်အချိန်သွား ပြီး ဘယ်အချိန်ဆုံးမယ်လို့ မသတ်မှတ်ပါဘူး။ ရောက်တဲ့ အချိန်မှာ သွားလိုက်တယ်။ ပြီး ရင် ပြန်လာလိုက်တယ်။ ဘာရယ် မဟုတ်ဘူးပေါ့။ ပြီးတော့ သူတို့ နိုင်ငံရောက်တဲ့အခါ သူတို့နဲ့ တရားဆွေးနွေးတဲ့အခါ တစ်ပတ်၊ ၁၀ရက်လောက်ကြာတယ်။သူတို့ က ပိုက်ဆံတွေစုပြီး ပေးတယ်။ ပေးတဲ့အခါမှာ ကိုယ်ရခဲ့တဲ့ တရားဟာ အခမဲ့ရခဲ့တယ်။ "I don't want your money" နင်တို့ဆီက ပိုက်ဆံလိုလို့လာတာ မဟုတ်ဘူး။ မေတ္တာစေတနာနဲ့ လာတာ။ အဲဒီဟာကို အလွဲသုံး စားမလုပ်ပါရစေနဲ့။ အတန်တန် ပြောတယ်။ တောင်းပန်တယ်။ မရဘူး။ ပြီးရင် ယူလိုက်တယ်။ ယူပြီးရင် သူတို့ကို တစ်ခုခုပြန် လှူလိုက်တယ်။ မယူခဲ့ဘူး။ အဲဒီ အချိန်မှာ ထောက်လှမ်းရေးက နောက်ကနေ တကောက် ကောက်လိုက်တယ်။ ဒီမိန်းမကြီး ဘာလုပ်နေတာလဲ။ နိုင်ငံရေးရှုပ် နေတာလား။ အဲဒီတုန်းက တကယ်လည်း နိုင်ငံရေးရှုပ်တဲ့ အနေအထားမှာရှိတယ်။ ဟိုမှာ ဒီနိုင်ငံက နိုင်ငံရေးသမားတစ် ယောက်နဲ့တွေ့တယ်။ ကိုယ် ကတော့ ခပ်တည်တည်ပဲ။ သူက စိတ်အကြောင်းမေးရင် စိတ် အကြောင်းပြောတယ်။ ဒါပေမဲ့ သူ့ကိုတော့ အန်တီက I don't like it ဘာလို့လဲဆိုတော့ လူတွေ ကို ညာစားနေတာလို့ထင်တယ်။ တကယ်လုပ်တဲ့သူဟာ မင်းကိုနိုင် တို့ကလုပ်တာ။ တိုင်းပြည်ကို တကယ်ချစ်တာ။ မာမာအေးတို့ လည်း တိုင်းပြည်ကို တကယ်ချစ် တယ်။ တကယ်လုပ်တယ်။ သူက အခြားနိုင်ငံမှာနေတယ်။ ကိုယ် ပိုင်လေယာဉ်ပျံနဲ့ စတိုင်နဲ့ နေ တယ်။ သဘောပေါက်တယ် မဟုတ်လား။ ပြီးတော့ ဂျပန် ရောက်တဲ့အချိန်မှာ ဂျပန်က ကောင်မလေးတွေက အဲဒီလို သူ့ကို တိုက်ရိုက်ပို့နေတာ။ မြန်မာ ပြည်ဒီမိုကရေစီရရင်ပြီးရောဆိုပြီး တော့ပါ။ အဲဒီကောင်မလေးရဲ့ အဖေနဲ့အမေက အသတ်ခံရ တယ်။ မောင်နှမတွေ ရူးကုန် တယ်။အဲဒီကောင်မလေးက ဂျပန် မှာ အလုပ်လုပ်တယ်။ သူရတဲ့ ပိုက်ဆံကို ဒီမြန်မာပြည်က အမျိုး တွေဆီမပို့ဘဲ အဲဒီနိုင်ငံရေး သမားဆီကို ပို့နေတယ်။ ဒီမိုက ရေစီရရင်ပြီးရောဆိုပြီးတော့ပါ။ အဲဒီဟာကို သိရတော့ ရင်ထဲ တော်တော်မကောင်းဘူး။နောက် ပိုင်း ငါနဲ့မဆိုင်ဘူးဆိုပြီး မနည်း ဖြေရတယ်။ စိတ်ထဲက ထုတ်ပစ် ရတယ်။ နိုင်ငံရေးလုပ်တယ်ဆို တာလည်း သားရယ် ခံယူချက်ရှိမှ လုပ်လို့ရတာ။

ဒီနေရာကနေ ကော်ပီပါတယ်ခင်ဗျာ...

No comments:

Post a Comment