ကွန်ပျုတာနဲ့အိုင်တီနည်းပညာကို စိတ်ဝင်စားသော ကျနော်လိုဝါသနာတူသူငယ်ချင်းများအတွက်အွန်လိုင်းပေါ်က ဆရာ့ဆရာကြီးများရဲ့ဝက်ဘ်စိုက်များမှ ကျနော်စုစောင်းခဲ့သမျှ ဆော့ဖ်ဝဲများ၊အိုင်တီနည်းပညာများအား ပြန်လည်မျှဝေပေးချင်းနဲ့ ကျနော်စိတ်ကူးပေါက်ရာများကိုချရေးထားသော ဘလော့မှတ်စုတစ်ခုသာ ဖြစ်ပါသည်။ လာရောက်လည်ပတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်...ညီညီ။
 
"ဆော့ဖ်ဝဲခရေစီ" ကို.. 31th.8.2011..မှာစတင်ပုံဖော်ခဲ့ပါတယ်...

07 November 2012

မိခင်


အမြဲတမ်း သတိရနေခြင်းတွေကို
"အလွမ်း" လို့ ခေါ်ဆိုကြရင်
စက္ကန့်နဲ့ အမျှ လွမ်းနေပါတယ်လေ
ငါတို့ ဇာတိ မြန်မာပြည်.........။


အမိတကွဲ အဖတကွဲ
မျက်နှာငယ် တစ်ယောက်ထဲနဲ့
နေရဲအောင်လည်း နေရတယ်အမေ.........။

မနာလို ဝန်တိုမှုတွေနဲ့
ငြူစူတဲ့ မျက်စောင်းတွေကြားက
ကျေနပ်အောင်လည်း နေပေးရတယ် အမေ.......။

ဒီလိုနဲ့
ဥသြငယ်  တွန်ကြူး
ပိတောက်တွေလည်း အခါခါဖူးခဲ့ပြီ...........။

အမေရယ်.....
ဧပရယ်ရဲ့ နှစ်ကူးမှာ
လွတ်လပ်စွာ ပျော်မြူး ချင်ပေမယ့်
ဆင်းရဲတွင်းထဲက ဘဝ
အချိန်တွေကို ရောင်းစားနေရတယ်............။

ဆုတောင်းပါတယ် အမေ
မြန်မာဆိုတဲ့ မျိုးဆက်ပန်း
ကမ္ဘာပေါ်မှာ မနွမ်းဖို့
ဒီ နှစ်ထောင် နဲ့ ဆယ့်နှစ်က
ဘဝရဲ့ အစပဲ ဖြစ်ပါစေ
ခွန်အားသစ်တို့ ပေးလှည့်ပါ အမေ.............။



ညီညီ(မြန်အောင်)
ဒီနေရာ  လေးမှာတင်ထားတာကို ကြိုက်နှစ်သက်မိလို့  ကျနော့်ဘလော့မှာပြန်တင်လိုက်တာပါ။။။။

No comments:

Post a Comment