" သစ္စာမရှိတဲ့ အချစ် "
သစ္စာမရှိတဲ့ အချစ်က
အနှစ်အကာ မရှိတဲ့သစ်လို
ဆွေးနေပြီ
မေတ္တာဆိုတာ နားမလည်မှတော့
ထာဝရ ဆိုတာ ပေါက်နေတဲ့ ဖိနပ်ပါပဲ
မချစ်တတ်တဲ့ နင့်အတွက်
အသစ်ထပ်ပြီး မခံစားဘူး
ဖြစ်တတ်တဲ့ သဘောတွေဆိုတော့
ရစ်ပတ်တဲ့ သံယောဇဉ်ကို
အမြစ်ဖြတ်ပြီး မြေမြုတ်လိုက်ပြီ
နင့်ဘက်ကရှင်းမှတော့
ငါကလည်းကင်းပါတယ်
နင့်အတွက် မဆန်းသလို
ငါကလည်း မလွမ်းပါဘူး ။
http://www.mm-flashsongs.com မှသူငယ်ချင်းတစ်ယောက်ရဲ့ကဗျာလေးကို
ကြိုက်လွန်းလို့ တင်လိုက်မိပါတယ်.....
No comments:
Post a Comment